Smart Kid/ လိမ္မာသော ကလေး

တစ်ခါက ရွာတစ်ရွာမှာ အဖိုးကြီးတစ်ယောက် နှင့် မြေးတစ်ယောက် နေကြသတဲ့။ တနေ့တော့ ရွာသူ၊သားတွေ အလုပ်ထွက်သွားချိန်မှာ အဖိုးအိုကြီး က သူ့မြေးလေး နဲ့အတူ အိမ်းနီးချင်း ရဲ့ ဆိတ် တစ်ကောင်ကို ခိုးသတ်စား ကြသတဲ့။ အဖိုးအိုက သူ့မြေးလေးကို ဘယ်သူ ကို မှ မပြောပြရဘူးလို့ကောင်းကောင်း တိုက်သွန်းထားတာပေါ့။

ညနေ အိမ်နီးချင်း က အလုပ်ကနေပြန်လာတော့ သူတို့ ဆိတ်ပျောက်တာသိတာပေါ့။ ဒါနဲ့ သက်ဆိုင်ရာ ရပ်ရွာ လူကြီးတွေကို တိုင်ကြားတာပေါ့။ သက်ဆိုင်ရာလူကြီး တွေလည်း အဲဒီ အဖိုအို နဲ့ မြေး က အိမ်မှာနေ တယ် ဆိုတော့ သတင်းရလို ရငြား သွား ပြီး ဆုံစမ်းတာပေါ့။

သက်ဆိုင်ရာ လူကြီးတွေလည်း ရောက်ရော အဖိုးအို က သူ့မြေးလေးကို ဘာမှမပြောဖို့ မျက်စိမှိတ်ပြလိုက်သတဲ့။ အဖိုးအိုရဲ့ မျက်စိမှိတ် ပြတာကို ကြည့်ပြီး သူ့မြေးလေး က - ဟေး! ဟိုမှာ အဖိုးရဲ့ မျက်စိက ယနေ့ သတ်စားလိုက်တဲ့ ဆိတ်သေခါနီးမှာ မိတ်တုပ်မိတ်တုပ် လုပ်တဲ့ မျက်စိ နဲ့တူတယ် လို့ပြောလိုက် သတဲ့။

No comments:

Who really killed Aung San?

Iceland's Future