ဗမာအစိုးရ စစ်တပ် ကောင်းစားနေတာ ဘယ်သူတွေကြောင့်လဲ?...

0 comments Thursday 7 November 2013

ဗမာတိုင်းရင်းသားကြီးစိုးတဲ့ ဗမာ့တပ်မတော်၊ ဗမာအစိုးရ ကို သက်ဆိုးရှည်အောင် လုပ်နေသော သူများတွင် ဗမာတိုင်းရင်းသားများ မပါဝင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဗမာတိုင်းရင်းသားများလည်း ဗမာအစိုးရ ၏ လုပ်ရပ်တွေကြောင့် ဒုက္ခပင်လယ် ထဲမှာနစ်နေတာပါ။

တကယ် ဗမာအစိုးရ နှင့် ဗမာအစိုးရ စစ်တပ် ကို သက်ဆိုးရှည်အောင် လုပ်နေသူတွေသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သာလျှင်ဖြစ်ပါသည်။ ဘာကြောင့်လည်းဆိုတော့ အကယ်၍သာ ဗမာအစိုးရ တပ်ကို တကယ် ဖြုတ်ချလိုရင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံး နဲ့တိုက်ကြမယ်ဆိုရင် မြန်မာနိုင်ငံသားများ အဓိကလိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ကြီးကို တည်ဆောက် နိုင်တာ ကြာလှ ပြီ။

အခုတော့ တဖွဲ့နှင့်တဖွဲ့ လည်း ညီညွတ်မှု မရှိပဲ တယောက်တပေါက် လုပ်ချင်ရာလုပ်နေကြတယ်။ ဥပမာ - သစ်ခုတ်ရောင်း၊ ရွှေမော်၊ ကျောက်စိမ်းမော် က အခွန်တွေကောက်စား၊ ကိုယ့်အိတ်ထောင်ထဲထည့် ပြီး ကြီးပွားချမ်းသာနေကြတာ။ နောက်ဆုံးတော့လည်း ဘာမှ တိတ်မထူးခြားကြပါဘူး။ ခေါင်းဆောင်တွေက ကြီးပွားတယ်၊ တပည့်တွေက နာကြတယ်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး သည် အမှန်တယ်မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် အလုပ်လုပ်နေ ကြောင်းကို လက်တွေ့ ပြသ လိုလျှင် အားလုံးစည်းစည်းလုံးလုံး ရှိကြပြီး ဗမာအစိုးရ စစ်ကိုတိုက်ခိုက်ကြပါ။

နိုင်ငံရေးဆွေးနွေးပွဲ ကနေပြီး လိုလားတောင့်တနေတဲ့ အခွင့်အရေးတွေကို တောင်းဆိုမယ် ဆိုရင်လည်း စစ်ရေး၊ နိုင်ငံရေး အသာစီး ရ မှ ပြောအား ရှိမှာဖြစ်တယ်။

အားလုံးက မစည်းလုံးနိုင်ကြဘူး ဆိုရင် လည်း လက်နက်ချ ပြီး အညံ့ခံကြပါ။ လက်နက်ကိုင် သူပုန် တွေ မရှိတော့ရင် ဗမာအစိုးရ စစ်တပ် အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေစရာ အကြောင်းနည်းလာလိမ့်မယ်။ ဒီမိုကရေစီ အမြန်ထွန်းကားလာမှာ ဖြစ်ပါတယ်။

သို့မဟုတ်ရင် - လက်နက်ကိုင် သူပုန်ခေါင်းဆောင်များ၊ အစိုးရ ခေါင်းဆောင်များ နှင့် သူတို့၏ဆွေမျိုးများ သာ အများပိုင်ဖြစ်တဲ့ နိုင်ငံ တော်၏ မြေပေါ်၊ မြေအောက် တံယံစာတ များကို ထုတ်ယူ စားသုံးခြင်းဖြင့် ဆက်လက်၍ ကြီးပွားနေကြ အုန်းမှာပါ။ အများပြည်တွေက တော့ ဒုက္ခ ပင်လယ်နက်ကြီးထဲမှာ ဆက်လက်ပြီး နစ်မွန်းနေကြမှာ မုချပါ။

အများပြည်သူ၏အကျိုးကိုမျှော်၍ ----

ကိုချွန်
read more “ဗမာအစိုးရ စစ်တပ် ကောင်းစားနေတာ ဘယ်သူတွေကြောင့်လဲ?...”

စည်းလုံးခြင်းသည်အင်အား

0 comments Wednesday 30 October 2013

မြန်မာနိုင်ငံ သူ/သားများ (အထူးသဖြင့် တိုင်းရင်းသားများ) သည် သင်ယူ တတ်မြောက်ထား တဲ့ ဘာသာရပ် ပညာကို လက်တွေ့ အသုံးပြု အကောင်အထည် ဖော်တဲ့ နေရာမှာ အလွန် အားနည်း ကြပါတယ်။

ဥပမာ - "စည်းလုံးခြင်းသည်အင်အား" ဆောင်ပုဒ် သည်မြန်မာနိုင်ငံသူ/သားများ ၏အထူးပြုဘာသာရပ် တစ်ခုဖြစ်ပါသည်။ "အဖိုးအို နှင့် သားသုံး ယောက်" အကြာင်းကို ကျောင်းသက်ဖူးသူတိုင်း သိပါတယ်။

"စည်းလုံးခြင်းသည်အင်အား" ခေါင်စဉ်ဖြင့် အဖိုးအို နှင့်သားနှစ်ယောက် သစ်ချောင်းစည်း ချိုးနေတဲ့ ရုပ်တု များကိုလည်း မြန်မာပြည်အနှံ့ မှာတွေ့ဖူးကြ၊ မြင်ဖူးကြမှာပါ။ ဒါပေမယ့် မြန်မာပြည်တိုင်းရင်းများ က ဒီစည်းလုံးခြင်းသင်ခန်းစာ ကို လက်တွေ့အသုံးမချနိုင်ခဲ့ကြ တဲ့အတွက် အားလုံး လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ နဲ့လည်း အလန်းဝေးခဲ့ကြရပါတယ်။

ယခု၊ အားလုံးလိုလားတဲ့ တန်းတူအခွင့်အရေးတွေ၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ညီညွတ်စွာ တောင်းဆို နိုင်တဲ့ အခြေအနေ၊ အချိန်အခါ တစ်ခု ကို အသက်၊ သွေး၊ ချွေး မြောက်များစွာ စတေးပြီး ပန်လည်ဖန်တီး နိုင်ခဲ့ကြပါပြီ။

တိုင်းရင်းသားခေါင်းဆောင်များ ဒီတခါတော့ စည်းလုံးညီညွတ်ဖို့အချိန်တန်ပြီ။ အချင်းချင်း ကြားမှာညီညျွှတ်မှုမရှိရင် အားလုံးလိုလားတဲ့ နိုင်ငံရေး ပန်းတိုင် နဲ့ပိုပြီးဝေးသွားမှာသေချာပါတယ်။

သွေးခွဲးလာရောက်အုပ်ချုပ်ခဲ့တဲ့ English အစိုးရ နှင့် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရ ကိုဘဲ အပစ်ပုံချနေလို့မဖြစ်တော့ဘူး။

စည်းလုံးခဲ့ကြမယ်ဆိုရင် အားလုံးလိုလားတဲ့ နိုင်ငံရေး စနစ် နှဲ့တကွ မြန်မာ နိုင်ငံသည် ယခု အချိန်မှာ တင့်တယ်ထွန်းကားတဲ့နိုင်ငံ တစ်ခုဖြစ်မှာပါ။ ထို့ကြောင့် အတိတ်က မှားခဲ့တယ့် အမှားများထပ် ပြီး မလုပ်မိ ဖို့ အထူးအရေးကြီးပါတယ်။

ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ စည်းလုံးကြဖို့ အချိုန်တန်နေပါပြီ။

"စည်းလုံးခြင်းသည် အင်းအား" ဖြစ်သတဲ့။


လချိတ် ၀န်ပေါင်
read more “စည်းလုံးခြင်းသည်အင်အား”

Who really killed Aung San?

Iceland's Future