စည်းလုံးခြင်းသည်အင်အား

0 comments Wednesday 30 October 2013

မြန်မာနိုင်ငံ သူ/သားများ (အထူးသဖြင့် တိုင်းရင်းသားများ) သည် သင်ယူ တတ်မြောက်ထား တဲ့ ဘာသာရပ် ပညာကို လက်တွေ့ အသုံးပြု အကောင်အထည် ဖော်တဲ့ နေရာမှာ အလွန် အားနည်း ကြပါတယ်။

ဥပမာ - "စည်းလုံးခြင်းသည်အင်အား" ဆောင်ပုဒ် သည်မြန်မာနိုင်ငံသူ/သားများ ၏အထူးပြုဘာသာရပ် တစ်ခုဖြစ်ပါသည်။ "အဖိုးအို နှင့် သားသုံး ယောက်" အကြာင်းကို ကျောင်းသက်ဖူးသူတိုင်း သိပါတယ်။

"စည်းလုံးခြင်းသည်အင်အား" ခေါင်စဉ်ဖြင့် အဖိုးအို နှင့်သားနှစ်ယောက် သစ်ချောင်းစည်း ချိုးနေတဲ့ ရုပ်တု များကိုလည်း မြန်မာပြည်အနှံ့ မှာတွေ့ဖူးကြ၊ မြင်ဖူးကြမှာပါ။ ဒါပေမယ့် မြန်မာပြည်တိုင်းရင်းများ က ဒီစည်းလုံးခြင်းသင်ခန်းစာ ကို လက်တွေ့အသုံးမချနိုင်ခဲ့ကြ တဲ့အတွက် အားလုံး လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ နဲ့လည်း အလန်းဝေးခဲ့ကြရပါတယ်။

ယခု၊ အားလုံးလိုလားတဲ့ တန်းတူအခွင့်အရေးတွေ၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ညီညွတ်စွာ တောင်းဆို နိုင်တဲ့ အခြေအနေ၊ အချိန်အခါ တစ်ခု ကို အသက်၊ သွေး၊ ချွေး မြောက်များစွာ စတေးပြီး ပန်လည်ဖန်တီး နိုင်ခဲ့ကြပါပြီ။

တိုင်းရင်းသားခေါင်းဆောင်များ ဒီတခါတော့ စည်းလုံးညီညွတ်ဖို့အချိန်တန်ပြီ။ အချင်းချင်း ကြားမှာညီညျွှတ်မှုမရှိရင် အားလုံးလိုလားတဲ့ နိုင်ငံရေး ပန်းတိုင် နဲ့ပိုပြီးဝေးသွားမှာသေချာပါတယ်။

သွေးခွဲးလာရောက်အုပ်ချုပ်ခဲ့တဲ့ English အစိုးရ နှင့် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရ ကိုဘဲ အပစ်ပုံချနေလို့မဖြစ်တော့ဘူး။

စည်းလုံးခဲ့ကြမယ်ဆိုရင် အားလုံးလိုလားတဲ့ နိုင်ငံရေး စနစ် နှဲ့တကွ မြန်မာ နိုင်ငံသည် ယခု အချိန်မှာ တင့်တယ်ထွန်းကားတဲ့နိုင်ငံ တစ်ခုဖြစ်မှာပါ။ ထို့ကြောင့် အတိတ်က မှားခဲ့တယ့် အမှားများထပ် ပြီး မလုပ်မိ ဖို့ အထူးအရေးကြီးပါတယ်။

ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ စည်းလုံးကြဖို့ အချိုန်တန်နေပါပြီ။

"စည်းလုံးခြင်းသည် အင်းအား" ဖြစ်သတဲ့။


လချိတ် ၀န်ပေါင်
read more “စည်းလုံးခြင်းသည်အင်အား”

Who really killed Aung San?

Iceland's Future